
တွေကို တရားဝင် တင်ပြထားတဲ့ ၅ နှစ်အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာ
တဦးက ပြောပါတယ်။
လက်ရှိ အပြောင်းအလဲ စီမံကိန်းသစ်အရ မြန်မာ့ ဆက်သွယ်ရေးကို ကော်ပိုရေးရှင်း
အဖြစ်ဖွဲ့ စည်းကာ ဆက်သွယ်ရေးလက်အောက်မှာ ဖက်စပ် ကုမ္ပဏီ ၄ ခု ဖွဲ့ စည်းမှာဖြစ်ကြောင်း၊ ဒီဖက်စပ်
ကုမ္ပဏီတွေအဖြစ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့စ် အပြင်အခြား ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၂ ခုကိုလည်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ကြောင်းဒီအတွက် မူလ စီမံကိန်းကို ပယ်ဖျက် လိုက်တာဖြစ်ကြောင်း ပြောပါတယ်။
ဆက်သွယ်ရေးရဲ့ မူလစီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄ သန်း၊ ၂၀၁၂-၁၃ မှာ ၅ သန်း၊ စသဖြင့်
တပ်ဆင်သွားမှာဖြစ်ပြီး ၅ နှစ်အကြာမှာ သန်း ၃၀ တပ်ဆင်ကာ မြန်မာပြည် သူတွေရဲ့ ဖုန်းပိုင်ဆိုင်
မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။