Monday, September 10, 2012

ထီလက်မှတ် အတုဖြင့် ငွေထုတ် သူနှစ်ဦး ထောင်ဒဏ် နှစ်နှစ်စီချမှတ်

0 comments
စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း မြို့တွင် ငွေကျပ်
၁ဝ သိန်းတန် ထီပေါက်မဲ လက်မှတ်ကို ထီလက်မှတ် အတုတစ်ခုဖြင့် ဆုကြေးငွေလာရောက် ထုတ်ယူ
သူနှစ်ဦး ကို ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်မှူး ဒုတိယ ရဲအုပ်သန်းဇော်ကအမှုဖွင့်အရေးယူ
ဆောင်ရွက်ရာသြဂုတ် လ၂၈ ရက်က ကောလင်း
မြို့နယ် တရားရုံးက ရာကြီး အမှတ် ၉၉၉/၂ဝ၁၂
ဖြင့် ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ်
နှစ်နှစ်စီ တစ်ပေါင်းတည်း ချမှတ် လိုက်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကောလင်းမြို့ ဈေးရုံရပ် ဆင်ဖြူတော် ထီဆိုင်တွင် သြဂုတ် ၇ ရက်က ဖြစ်ပွားခဲ့ရာ (၂၈၃)
ကြိမ် မြောက် ထီဖွင့်ပွဲတွင် ဝ-၇၃၉၅၁၆ နံပါတ်ဖြင့် ငွေကျပ် ၁ဝ သိန်းဆု ပေါက်မဲနံပါတ်ကို ပြန်လည်
ပြုပြင်ကာ ဆုကြေးငွေထုတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထီလက်မှတ် နံပါတ် ဝ-၇၃၉၅၁၆ တွင် နောက်ဆုံး
ဂဏန်း(၆)မှာ ပြုပြင်ထားကြောင်း ထီရောင်းသူ ဆင်ဖြူတော် ထီဆိုင်ပိုင်ရှင် ဦးမင်းနိုင်က စစ်ဆေးတွေ့
ရှိရာမှ ထီလက်မှတ် ရောင်းလာသူ ဇော် ဦး ၃၆ နှစ်(ဘ) ဦးသန်းဝင်း (ကွမ်းယာရောင်း) ရန်ကုန်တိုင်း ဒေသ
ကြီး အမှတ် (၂ဝ)လှိုင်သာယာ မြို့နယ်နှင့် ကျော်ဦး ၆ဝ နှစ်(ဘ) ဦးကျော်အေး (စက်ချုပ်) ပုလွှေရွှေရွာ
ကသာမြို့နယ် နေသူတို့ကို ကောလင်းမြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် သန်းဇော်က (ပ)၂၃၈/၂ဝ၁၂ ပြစ်မှုပုဒ်မ ၄၂ဝ/၄၆၈ အရ အမှုကို ခိုင်မာအောင်တည် ဆောက်ပြီး အမှုဖွင့် အရေးယူခဲ့သည်။

ထို့နောက် ကောလင်းမြို့နယ် တရားရုံးသို့ ရာကြီးအမှတ် ၉၉၉/၂ဝ၁၂ အရ အမှုကိုစွဲချက်တင်ရာ သြဂုတ်လ
၂၈ ရက်က ပြစ်မှုထင်ရှားသဖြင့် ဇော်ဦးနှင့် ကျော်ဦးတို့ကို ပြစ်မှုပုဒ်မ ၄၂ဝ အရ ထောင်ဒဏ် နှစ်နှစ်စီ၊ ပြစ်မှုပုဒ်မ ၄၆၈ အရ ထောင်ဒဏ် နှစ်နှစ်စီကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here