Monday, September 10, 2012

လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် အမျိုးသမီးအား မဲခေါင်တံတားလှေဆိပ်အနီးတွင်ဖမ်းမိ”

0 comments


















ထိုင်းမြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် သူများကဘန်ကောက်မြို့ တောင်ဘက်
ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်တွင် ရောင်းစားခံထားရသူ၂ဦးနှင့် လူကုန်ကူးမှုဂိုဏ်း ခေါင်း ဆောင် မြန်မာအမျိုးသမီး တစ်ဦးကို ယမန်နေ့ညဥ့်က လက်ပူး လက်ကြပ် ဖမ်းမိ ခဲ့ကြောင်းသိရသည်။

ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့DSI ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဘန်ကောက်
မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အတွင်းရေးမှူး သံမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်း
အခြေ စိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြခြင်းဖြစ် သည်။ လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် အမျိုးသမီးမှာ အသက် ၃၀ ကျော်အရွယ် - - - ဖြစ်ပြီး အခန်းထဲတွင် ပိတ် လှောင်ခံ
ထားရသူ ၂ဦးမှာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှ အသက် ၃၀နှစ်အရွယ် ဇေါ်နိုင်ဦးနှင့် ကိုဦး ဆိုသူတို့ဖြစ်
ကြသည်။ ၎င်းတို့ နှစ်ဦးသည် ဘားအံမြို့မှ ပွဲစား - - - -ထံတွင် ကျပ်ငွေ ၅သိန်းစီပေးချေပြီး စက်တင်ဘာ
လ က ဘန်ကောက် မြို့သို့ရောက်ရှိလာခဲ့ကြသူများဖြစ်ကြသည်။

ယမန်နေ့ နံနက်စောစောက FED မှ MATအဖွဲ့သို့ သတင်းပို့လာခဲ့ပြီး အခန်းထဲတွင် ပိတ်လှောင်ခံ ထားရသူ၂ဦး
နှင့် လိုအပ်သည့် အချက်အလက်များကို စုဆောင်းပြီး ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ DSI သို့ဆက်သွယ် ခဲ့သည်။ ထို့နောက် မြန်မာသံမှူး ဦးနိုင်ထွန်းနှင့်ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များနှင့်ချိတ်
ဆက်ဆောင်ရွက်ပြီးနောက် ပိတ်လှောင်ထားသည့် အလုပ်သမား၂ဦးအတွက် ဘတ်ငွေ ၁၅၀၀၀ ငါးထောင်နှင့်
ရွေးရန် MAT အဖွဲ့က ကိုဘခက် က ဟန်ဆောင် ခဲ့ခြင်းဖြစ်သည်။

ယခုနှိမ် နင်းမှုကို ဦးဆောင်သူတစ် ဦးဖြစ်သော MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော် တို့ အငှါး ကား တစ်စီးနဲ့ ညနေ ၄နာရီလောက် ကတည်းက ဘန်ကောက်ရုံးက ထွက်ခဲ့တယ်။ မဲခေါင် လူကုန်ကူးမှုအဖွဲ့
က ကျနော်တို့နဲ့ ရင်းနှီးတဲ့ ရဲအရာ ရှိနဲ့ တွေ့ဆုံ ကြတယ်။ ရဲတစ်ယောက်က အငှါးကားမောင်းသူ အင်းဂျီကို
ဝတ်တယ်၊ ကျနော်တို့ အဖွဲ့က ကိုဘခက်ကပွဲစားမနဲ့ ဆက်သွယ် တယ်၊ ငွေပေးဖို့ အချိန်းအချက်လုပ်တယ်။
ကျနော်က ကားနောက် ခန်းခုံကြားမှာ ပုန်းခိုလှဲအိပ်လာခဲ့ရတယ်။ ပွဲစားမ ခေါ်ရာကို ကျနော်တို့လိုက်လာခဲ့ကြ
တော့ ပွဲစားမ က အလုပ်သမား ၂ယောက်ကိုပြတယ်။ ကိုဘခက်ကလည်း ငွေကိုပြတယ်။ ပွဲစားမကို ကျနော်နဲ့ 
ကားမောင်းတဲ့ ပုလိပ်တို့ဝိုင်းဖမ်းနိုင်လိုက်တယ်” ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် ကိုဇေါ်နိုင်ဦး က “ ဆရာ ဦးကျော်သောင်း ရဲ့နာမည်ကို ကျနော် ရေဒီယိုတွေ မှာ နားထောင်ဖူးတယ်။ အဆက်သွယ် ရကတည်းက ကျနော်တို့ လွတ်ပြီလို့ ယုံကြည်ခဲ့တယ်။ ကျနော်တို့ ကို
လှေပေါ် ရောင်းစားခါနီးလာကယ်ထုတ်ကြတာ။ ဒီနေ့ မနက်က အသက်ရှုမ၀တဲ့ ကောင်းမလေးတို့ လင်မယား ကို ဘယ် ရောင်းစားလိုက်လဲမသိဘူး။ အသက်ရှုမ၀လို့ဆိုပြီး တံခါးကြားက လေကိုရှုရရှာတယ်။ မနေ့ 
မနက်က ဒီပွဲစားမ ဟာ မြန်မာအလုပ်သမား ၂၀ တိတိကို ငါးဖမ်းလှေပေါ်ကိုရောင်းလိုက်တာ၊ဒီတစ်သက် ထိုင်းကို မလာတော့ဘူး” ဟု ငိုရှိုက်ရင်း ပြောသည်။

လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင် အမျိုးသမီးက “ ဘန်ကောက် တက္ကစီကားတစ်စီး က ကျမကို လာရောင်း
တာဖြစ်တယ်။ ကျမ ဘတ် ၁၅၀၀၀ ပေးလိုက်ရတယ်။ ကျမ ကိုတစ်ခါ သူဌေးက ဘတ် ၅၀၀ စီပေးတယ်။
လူ၂၀ ကို ကျမ လှေကိုပို့ပေးလိုက်တာမှန်ပါတယ်။ အချောင်နဲ့ ဟတ်ယိုင်တို့ကိုလည်း ကျမ ပို့ဟတ်ယိုင်တို့ ကို လည်း ကျမပို့ပါတယ်” ဟုပြောသည်။

အခန်းပိတ်လှောင်ခံထားရသူ ၂ဦးကို တရားမ၀င် ၀င်ရောက်မှုဖြင့် အရေးယူမည်ဖြစ်ပြီး လူကုန်ကူးမှု ဂိုဏ်းခေါင်း
ဆောင် အမျိုးသမီးမှာ ဥပဒေအရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရဲအရာရှိများက ပြောသည်။ ထိုင်းနိုင်ငံတွင်ကျင့်သုံးနေသည့် လူကုန်ကူး မှုတိုက်ဖျက်ရေး ဥပဒေ၏ အားနည်းချက်များကြောင့် လူကုန်ကူး
သူများ၊ ထိုင်းလုပ်ငန်းရှင်နှင့်၊ အာဏာ ပိုင်အချို့တို့ မှာ အကျိုးခံစားနေကြရသည်။ ထိုင်း ငါးဖမ်းလှေများပေါ်တွင် ပိုက်ဆရာများမှလွဲ၍ ကျန်လှေသမား အားလုံးနီးပါးတို့မှာ ရောင်းစား ခံထားရ သူများဖြစ်ကြောင်း ပြန်လည်
လွတ်မြောက်လာသူများပြောပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်း ကို မြန်မာ
အစိုးရက မဖန်တီးနိုင်သေးသရွေ့တရားမ၀င် ၀င်ရောက်လာနေကြသော မြန်မာအလုပ်သမား များမှာ ဆက်လက် လူကုန်ကူးခံနေရဦးမည်ဖြစ်ကြောင်း ဦးကျော်သောင်းက သုံးသပ်ပြောဆိုသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here