Tuesday, September 4, 2012

ဟင်္သာတမြို့ တွင် စုံတွဲ တတွဲ အသတ် ခံရ

0 comments
ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ် အနီးမှာ
အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့  ပတ်သက်ပြီးတရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာဖမ်းမိထားပြီလို့  မြို့ နယ်
ရဲကအတည်ပြု ပြောဆိုပါတယ် သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ ရတယ်လို့ ရဲက ပြောပေမယ့်
အေသးစိတ် ထုတ်ဖော်ပြောဆိုဖို့ တော့ ငြင်းဆန်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က
ဟင်္သာတမြို့ ရွာသာကုန်းရပ်ကွက်မှာရှိတဲ့ တက္ကသိုလ် အနာက်လမ်းမှာ ဒဏ်ရာတွေနဲ့  သေဆုံးနေတဲ့ မစိန်နဲ့ 
ကိုကျော်မင်းထွန်းတို့ ၂ ဦးရဲ့ အလာင်းတွေကို မော်တော်ဆိုင်ကယ်နဲ့  ဖိထားတာကို ရဲက တွေ့ ရှိ ဖော်ထုတ်
ခဲ့တာ ဖြစ်ပါတယ်။သေဆုံးသူ ၂ ဦးဟာ အသက် ၃၀ ခန့် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ရဲက ဖမ်းဆီး
ထားသူဟာ ကိုသံချောင်းဆိုသူ ဖြစ်တယ်လို့ ဟင်္သာတမြို့ ခံတဦးက ပြောပါတယ်။

“သူတို့ ၂ ယောက်ကို သတ်ပြီးတော့ ဆိုင်ကယ်နဲ့ ဖိထားတာတွေ့ တော့ သက်ဆိုင်ရာရဲစခန်းက အမှုစစ် လိုက်တော့ ကောင်လေးစီးလာတဲ့ဆိုင်ကယ်လို့  ပြောတယ်။နောက်ဆုံးတွေ့ လိုက်တဲ့ အချိန်နဲ့ 
ကွင်းဆက်လိုက် လိုက်တော့ ပြီးခဲ့တဲ့ ညက ၄ နာရီထိုးလောက်မှာ တရားခံကိုမိတယ်။ဟသာၤတျမိဳ ့
မြဝတီရပ်ကွက်က နာမည်က သံချောင်းလို့ တော့ အကြမ်းဖျင်း သိရတယ်။”မစိန်ဟာ ရွာသာကုန်း
ရပ်ကွက်ဖြစ်ပြီး ကိုကျော်မင်းထွန်းဟာ ဟင်္သာတ မီးရထားဝင်းထဲမှာ နေတယ်လို့ ဆိုပါတယ်။
သူတို့စုံတွဲဟာ ချိန်းတွေ့ရင်း အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ မြို့ ခံက ထင်မြင်ချက်ပေးပါတယ်။
“ဒီလမ်းကို မြို့  အခ်ါက ချစ်သူလမ်းကြားလို့ တောင် ခေါ်ကြတယ်။ လူမြင်သိပ်မခံချင်တဲ့
အတွဲတွေ တွေ့ တဲ့လမ်းပေါ့။ ဒါကြောင့်လည်း အခုလို သတ်လို့ ရတဲ့ အခွင့်အရေး ရတာပေါ့။
အလာင်းတွေ့ တဲ့အချိန်မှာ ရုပ်ပျက်တာ မရှိသေးဘူးဆိုတော့ ၂၄ နာရီ မပြည့်သေးတဲ့
သေဘာပဲ။”ရဲက မစိန်နဲ့ ကိုကျော်မင်းထွန်းတို့ ရဲ့ အမှုကို သေမှုသေခင်းဖွင့်ပြီး ဖော်ထုတ်နေပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here