Tuesday, September 4, 2012

ဘဝတစ်ကွေ့ တေးစီးရီးနဲ့ အဆိုဘက်ကို ခြေလှမ်း စတင်မယ့် မြင့်မြတ်

0 comments
ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရင်း နဲ့ပဲ မြင့်မြတ်က Melody World က အဆိုတော် များဖြစ်တဲ့ ကောင်းကောင်း၊ အိုင်းရင်းဇင်မာမြင့်တို့နဲ့အတူ ၃ ယောက် တွဲပြီး 'ဘဝ တစ်ကွေ့' ဆိုတဲ့ တေးစီးရီးခွေထွက်ဖို့ ကြိုးစားနေပါတယ်။ ဒီအခွေကို စက်တင်ဘာ လအတွင်းမှာပဲ ထွက်ဖို့ကြိုးစား မှာဖြစ်ကြောင်း မြင့်မြတ် ကပြောပါတယ်။ အိုင်းရင်း ဇင်မာမြင့်ရဲ့ ဗီစီဒီတစ်ပုဒ်မှာသရုပ်ဆောင်ပေးရင်းနဲ့ သီချင်းဆိုဖို့ အ ကြောင်း စကားစပ်မိကြပြီး ဒီအခွေကို စီစဉ်ခဲ့ကြတာပါ။ မြင့်မြတ်က ဒီအခွေ မှာ ၃ ယောက်တွဲဆိုထားတဲ့ ၁ ပုဒ်၊ တစ်ယောက်တည်း ၄ ပုဒ်၊ အိုင်းရင်းဇင်မာမြင့်နဲ့ စုံတွဲ ၁ ပုဒ်၊စုစုပေါင်း သီချင်း ၆ ပုဒ်ဆိုထားပါတယ်။

သီချင်းအေးအေးလေးတွေ ပဲကြိုက်တဲ့ မြင့်မြတ်က သူကြိုက်တဲ့မြူးဇစ်ပုံစံနဲ့ သီချင်းအေးအေးလေးတွေပဲ ဆိုထားကြောင်း ပြောပါတယ်။ သီချင်းနဲ့ပတ်သက် ပြီး လေ့ လာဖြစ် ကြောင်း ကို မြင့်မြတ်က “အများကြီးလေ့လာရတယ်။ သင် ယူရပါတယ်။ ကောင်းကောင်းနဲ့ ကိုပိပိတို့က ဂိုက်လုပ် ပေးကြပါတယ်။ သရုပ်ဆောင်မှာလည်း သရုပ်ဆောင် တစ်ယောက်ရဲ့ပညာ၊ သူ့ရဲ့ Talent အရည်အချင်းအများ ကြီးလိုအပ်တာပေါ့။ သီချင်းဆိုတဲ့နေရာမှာလည်း သူ့ အခက်အခဲနဲ့သူ လိုအပ်တာတွေရှိပါတယ်။
ကျွန်တော် တို့ ၃ ယောက်ပေါင်းပြီး လမ်းသစ်စဖောက်တဲ့ သဘော ပါပဲ။ ကျွန်တော့်အနေနဲ့ဆိုလည်း ဒါလမ်းသစ်ပဲ။ အိုင်းရင်း တို့၊ ကောင်းကောင်း တို့က ဂီတပိုင်းမှာ ဆရာကြီးတွေပဲလေ။ သူတို့ရဲ့
အကူအညီနဲ့ပဲ လုပ်ဖြစ်တာပါ” လို့ပြောပါတယ်။

မြင့်မြတ်က သူ့ရဲ့ပရိသတ်တွေထဲမှာလည်း သီချင်းဆိုစေ ချင်တဲ့ပရိသတ်တွေရှိကြပြီး အရင်ကသီချင်းတွေ လုပ်ချင် ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေေ သးတာ ကြောင့်ဖြစ်ပြီး ကောင်းကောင်းနဲ့ အိုင်းရင်းဇင်မာမြင့် တို့ရဲ့ အားပေး ကူညီမှုတွေကြောင့် အခွေစီစဉ် ဖြစ်ခဲ့ တာဖြစ်ကြောင်း မြင့်မြတ် ကပြောပါတယ်။ တစ်ကိုယ်တော်စီးရီးလုပ်ဖို့တော့လောလောဆယ် အစီအစဉ်မရှိသေးဘဲ အခု ၃ ယောက်
ပေါင်းပြီး လုပ် ကြတဲ့ “ဘဝတစ်ကွေ့” အခွေကိုတော့ ဘာဖြစ်လာ မလဲဆိုတဲ့ အဖြေတစ်ခုကို တအားသိချင်နေ ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here