Saturday, September 15, 2012

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

0 comments
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေ အနေနဲ့ မော်တော်
ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ
ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား
ချက် အရ သိရပါတယ်။
အခုလိုအရေးယူမှုတွေဆောင်ရွက်ဖို့စီစဉ်ရတာဟာ
ယာဉ်မောင်းသူတွေရဲ့ဖုန်းပြောမှုကြောင့် ယာဉ်မတော်
တဆမှုတွေဖြစ်ပွားရတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက်ယာဉ်မတော်တဆမှုတွေလျာ့ကျစေဖို့
ရည်ရွယ်ကာသက်ဆိုင်ရာမှအထူးစစ်ဆေးရေးအဖွဲ့များနဲ့မော်တော်ယာဉ်ဂိတ်တွေမှာပါစနစ်တကျ စစ်ဆေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်လမ်းတွေမှာလည်းကြီးကြပ်ရေးမှူးများ၊ အထူးစစ်ဆေးရေးအဖွဲ့များနဲ့စစ်ဆေးကာ ဖုန်းပြောဆိုမှု တွေ့
ရှိပါက ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့မှချမှတ်ထားတဲ့ယာဉ်မောင်းသူတွေလိုက်နာရမယ့်အချက်၁၃၈ချက် နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး အရေးယူမှုအနေနဲ့ယာဉ်လိုင်းမှထုတ်ပယ်မှု၊ ယာဉ်မောင်း လိုင်စင် ပိတ်သိမ်းမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here