Saturday, September 15, 2012

တိုက်ပွဲကြောင့် ဖားကန့် ကျောင်းအားလုံး ယနေ့ ပိတ်လိုက်ပြီ

0 comments

(13.9.2012) စက်တင်ဘာလ (၃)ရက်နေ့  ညနေ ၄ နာရီခန့် တွင် ဖားကန့် မြို့ နယ် မော်ဝမ်းမူလွန် အ-လ-က
ကျောင်းခွဲ ဝန်းကျင် တစ်ဝိုက်တွင် အစိုးရတပ် နှင့် KIA တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း
Myanmar News Now မှ သတင်းရရှိပါတယ်။အဆိုပါ တိုက်ပွဲမှ ပစ်ခတ်သံများကို ဖားကန့် တစ်မြို့ လုံးကြား
ကြရပြီး အပြေးအလွှား ယောက်ယက်ခတ်သွားကြတယ် လို့ ဆိုပါတယ်။

"ကျောင်းဆင်းချိန်ဖြစ်ပေမယ့် အချိန်ပိုသင်ရလို့ ကျောင်းသားတွေနဲ့ ကျွန်မတို့ ကျောင်းမှာရှိနေ ချိန်ဆိုတော့ ကလေးတွေကို မကြောက်အောင်ပြောပြီး တစ်သုတ်စီ တောင်ကမ်းပါးရံဘေးကနေ တွယ်ကပ် ဆင်းခိုင်းခဲ့
ရတယ် ၊လက်နက်ကလည်း တရစပ်ပစ်နေတော့ ဝပ်လိုက်ဆင်းလိုက်နဲ့ တောင်အောက်ရောက်အောင်သွား ခဲ့ရတယ် မေတ္တာရှင် အသင်းကကားနဲ့ လာကြိုလို့ ကျေးဇူးတင်ရပါတယ်၊ ကျွန်မနဲ့ကျန်ကလေး အယောက်
(၂၀) ကတော့ ကျောင်းကနေ ကျောက်လှိုဏ်ဂူဘုန်းကြီးကျောင်းဆီ ရောက်အောင်သွား ပြီး တစ်ညလုံး အဲဒီ
မှာနေခဲ့ရတယ်၊ ကလေးမိဘတွေ ဆီကိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီး စိတ်မပူအောင် ကျွန်မတို့ စောင့်ရှောက်
ထားတဲ့ အကြောင်း ပြောရသေးတယ် ဒီမနက်မှ ကိုယ့်အိမ်ကိုပြန်နိုင်တယ်"ဟု မော်ဝမ်းကျောင်းမှ ဆရာမ
တစ်ဦးက Myanmar News Now ကို ပြောပြပါတယ်။

အဆိုပါ တိုက်ပွဲ အတွင်း ပစ်ခတ်မှုကြောင့် ပထမ တန်းကလေးတစ်ဦး ဒါဏ်ရာရရှိခဲ့ကြောင်း ကချင်က လေးငယ်
အား ဘေးလွတ်ရာပို့ပေးသော တပ်မတော်သားတစ်ဦး သေနတ်ထိမှန်သေဆုံးကြောင်း ပစ်ခတ်မှုဖြစ်
ပွားချိန်တွင် KIAရော တပ်မတော်ရော နှစ်ဖက်လုံးကိုမြင်နေ ရကြောင်း စိတ်လှုပ်ရှားစွာ ပြောပြခဲ့ပါတယ်။

မနေ့က မိုးသည်းထန်စွာရွာသွန်း၍ ဖားကန့်ရှိ ရပ်ကွက် အချို့ရေမြှပ်ခဲ့ပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်
သွားခဲ့ပါတယ်။ ယနေ့(14.9.2012) စက်တင်ဘာလ ၄ ရက်နေ့ မှာတော့ ဖားကန့်မြို့ ရှိ ကျောင်းအားလုံး
ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here