ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီမနက် ၇ နာရီလောက်ကတည်းက ဥရု ချောင်းရေ တက်လာပြီး ဖားကန့်မြို့ပ်ါက ငှက်ပျောတော၊ မြို့ မ၊ အေးမြသာ
ယာနဲ့ မရှီကထောင်း ရပ်ကွက် ၄ ခုမှာ ရေဘေးကြုံနရ
တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ညီလာခံ
ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ပြောပြ
ပါတယ်။

“ခါတိုင်းထက်ကို ဥရုချောင်း အမြင့် ရေက ၄ ပေ၊ ၅ ပေ
လောက် တက်လာတာ။ မရှီကထောင်းမှာ ဆို ဘေလီတံတားဘက် သွားမယ့်လမ်းမှာ ခါးလောက် ရှိနေတယ်။
ငှက်ပျောတော မြေနိမ့်ပိုင်း ဘက် ချောင်းဘေး ဘက်မှာဆို လူတရပ်လောက် နည်းပါး အောက်ထပ်တွေ ဆို မြုပ်လုနီးပါး ရင်ဆို့ ကျော်ကျော်လောက် ရှိနေတယ်။''

ရေတွေတက်လာတဲ့အတွက် ငှက်ပျောတော နှစ်ချင်းခရစ်ယာန်ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခ သည်
တွေလည်း ကုန်းတွေပေါ်မှာ ပြောင်းရွှေ့သွားကြရတယ်လို့ သူက ပြောပါတယ်။ တချို့အိမ်ခြေမြင့်
သူတွေတော့ အိမ်ပေါ်မှာပဲနေပြီး အသွားအလာမရှိ သလောက် ဖြစ်နေတယ် လို့ ပြောပါတယ်။ ဒီရပ်ကွက်
တွေဟာ နှစ်တိုင်လိုလို မိုးတွင်းကာလမှာ ရေမြုပ်တဲ့အတွက် အပျက်အစီး သိပ်မရှိဘူး လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ကျချောင်းရေဖြစ်တာကြောင့် တရက်နှစ်ရက်အတွင်း ပြန်ကျသွားတတ်တယ်လို့ လည်း ဦးလာဆိုင်းက ပြောပါတယ်။ လဆန်းပိုင်းတုန်းကလည်း ငှက်ပျောတောနဲ့ အေးမြသာယာ ရပ်ကွက်တွေ
ရေနစ်မြုပ်ခဲ့ပြီး စစ်ပြေးဒုက္ခသည်တွေ ရေဘေးကြုံခဲ့ရပါတယ်။(ဒီဗွီဘီ)