Saturday, September 15, 2012

KIA မှ မိုင်းခွဲ မှုကြောင့် ကျောင်း သူ၊ ကျောင်းသားများ သေဆုံး

0 comments

ပြီးခဲ့တဲ့(၁၃)ရက်နေ့က ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝန်းကလေး ကျေးရွာနှင့် စွန့်ငိုင်ကျေးရွာ ကြား တွင်
ကျောင်းဆင်းချိန် KIA အဖွဲ့မှ မိုင်းဖောက်ခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသား အများ အပြား ထိခိုက် ဒဏ်ရာ
ရရှိခဲ့ပြီး အသက်(၁၃)အရွယ်ရှိ စွန့်ငိုင်ရွာတွင် နေထိုင်သော ကျောင်းသူ မဆိုင်းဂျာအိမ် သည် အရေးပေါ်
လူနာအဖြစ် ဖားကန့်ဆေးရုံသို့ရောက်ရှိလာကာ ခွဲစိတ်ဆရာဝန် များနှင့် သူနာပြုများမှ အစွမ်းကုန် ကုသပေးခဲ့
သော်လည်း ည (၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဗမာစစ်တပ်တို့ မှော်ဝန်း
ကလေးရွာနှင့် စွန့်ငိုင်ရွာ ပတ်ဝန်းကျင်တွင် ချီတက်လာ သည် ကို စောင့်ကြို ကာ KIA အဖွဲ့မှ မိုင်းထောင်ဖောက်
ခွဲခဲ့ရာ ကျောင်းဆင်းချိန်နှင့်တိုက်ဆိုင်သွားပြီး မှော်ဝန်း လေးကျေးရွာရှိ ကျောင်းမှ ပြန်လာသော ကျောင်းသား
ကျောင်းသူများနှင့် မဆိုင်းဂျာအိမ်တို့ ထိခိုက်ဒဏ် ရာရရှိခဲ့ တာဘဲ ဖြစ်ပါတယ်။

စွန့်ငိုင်ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဗမာစစ်တပ် ခမရ(၃၈၉)သည် မှော် ၀န်းလေး ကျေးရွာမှ စွန့်ငိုင်ကျေး ရွာသို့ ချီတက်လာစဉ် KIA အဖွဲ့မှ စောင့်ကြိုကာ မိုင်းအလုံး(၃၀)အား အဝေး ထိန်းစနစ်ဖြင့် လမ်းတစ်လျှောက်လုံး ဆက်တိုက်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ မိုင်းခွဲတဲ့အချိန်က ကျောင်းလွှတ်တဲ့အချိန်နဲ့ သွားတိုက်တော့ အခုလိုဖြစ်သွားတာ ကလေးတွေက ဗမာ စစ်တပ်
ရှေ့က ကျောင်းပြန်လာတာကို ခွဲလိုက်တာလေ။ တကယ်ဆို KIA ဆိုတာလည်း ကချင်ပါ ဘဲ ဒီရွာမှာရှိတဲ့ သူတွေကလည်း ကချင်လူမျိုးတွေပါဘဲ။ ဗမာစစ်တပ်ကို မိုင်းခွဲချင်တယ်ဆိုပေမဲ့ ကလေးတွေ လည်း ရောပါလာ
တာကို သူတို့ ဒီလိုမလုပ်သင့်ဘူးလေ။ လူမျိုးအချင်းချင်း အပေါ်တောင် တော်တော် ရက်စက်ရာကြတယ်။

သူတို့လုပ်ချင်ပြီဆိုရင် လူမျိုစွဲ၊ ဒေသစွဲတွေပါ ဘာမှ ထောက်ထားမှု မရှိတော့ဘူး။ သူတို့လူကြီး တွေက လည်း မရ
ရအောင် လုပ်ခိုင်းလိုက်တာနဲ့တူပါတယ်။ ကလေးကို ကျောင်းကြိုလာတဲ့ ဒေသခံ ရွာသူ/ရွာ သားတွေ လည်း အကုန်လုံး ထိသွားတာပေါ့။ ကချင်လူမျိုး ကောင်းစားရေး ၊ ကချင်ပြည် နယ် ကောင်းစားရေး ဆိုတဲ့သူတို့ရဲ့ ကြွေး
ကြော်သံတွေဆိုတာ အခုလိုလုပ်လိုက်လို့ ကချင်ပြည်နယ် မှာရှိတဲ့ ကချင်လူမျိုးတွေ တစ်ယောက်မှမရှိဘဲ ကချင်လူမျိုးတွေ မျိုးပြုတ်ပြီး သူတို့ဘဲကျန်ခဲ့မဲ့ သူတို့ဘဲ ကောင်း စားမဲ့ ကြွေးကြော်သံလား ခံယူချက်လား။

တကယ်တမ်းပြောရရင် အခုကျောင်းသူကျောင်းသာတွေဆိုတာ ကချင်ပြည်နယ်ကို အရောင်းအသွေး မျိုးစုံနဲ့ လှပဝေစာဖို့ သရုပ်ပီပီပြင်ပြင်ရေးချယ်ပေးမဲ့ အနာဂတ်ရဲ့ အဖူးအပွင့်လေးတွေပါ။ သူတို့တွေ အခုလို
လုပ်နေလို့ တိုင်းရင်းသားလူမျိုးတွေရဲ့ကြားမှာ ကချင်လူမျိုးဆိုတာ အရှက်တကွဲအကျိုးနဲ ဖြစ်နေရပြီ။ လမ်းတွေ ဖျက်တယ်၊ တံတားတွေဖျက်တယ်၊ ဒေသခံတွေကို စီးပွားရေးလုပ်စားလို့ မရအောင် အမျိုးမျိုး ဖန်တီးတယ်။

နောက်ဆုံးဗျာ ကျောင်းတက်တဲ့ ကလေးတွေကိုတောင် တကယ် တိုးတက်စေမယ့် ပညာရေးကို လက်မခံဘဲ ကချင်စာကိုဘဲ သင်ရမယ်၊ ကချင်တော်လှန်ရေး အကြောင်းတွေဘဲ သိရမယ်ဆိုတာက ပြည်နယ်အတွက် တကယ်ကို နစ်နာလွန်းပါတယ်။ စစ်တွေဖြစ် နေလို့ သူများပြည်နယ်နဲ့ ယှဉ်လိုက်ရင် ဒီ(၁)နှစ် (၂)နှစ် အတော
အတွင်းမှာဘဲ တိုးတက်မှုတွေ လုံးဝမရှိတော့ဘူး။ တဖြည်းဖြည်း စုတ်ယုတ်ပြီး အခြားတိုင်းရင်းသားတွေနဲ့ အခြားပြည်နယ်တွေကြားမှာ မျက်နှာငယ်အောင် လုပ်နေကြတာ။ ဒီလို လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ အချိန်
တန်ပြီဗျာ´´ လို့ သေဆုံးသွားတဲ့ မဆိုင်းဂျာအိမ်ရဲ့ အဖေ ဦးဘရန်ရှောင်က စို့နစ်ကြေကွဲစွာ KDN သတင်း
ဌာနသို့ ပြောလာခဲ့ပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here