နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေး တပ်မတော်
(KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန် ကစ လို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ်
ပူပန်နေကြတယ်လို့ သိရပါတယ်။
ကေအိုင်အေတပ်မဟာ၂လက်အောက်ခံ မိုးကောင်းမြို့
နယ် ကဆုန်းကျေးရွာ အခြေစိုက်တပ်ရင်း(၁၁)က
ကိုယ်ဝန်(၃)လလွယ်ထားရတဲ့မဂျာဒွဲနူးကိုစုဆောင်းရေးဆွဲ
သွားတာနဲ့ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။
နယ် ကဆုန်းကျေးရွာ အခြေစိုက်တပ်ရင်း(၁၁)က
ကိုယ်ဝန်(၃)လလွယ်ထားရတဲ့မဂျာဒွဲနူးကိုစုဆောင်းရေးဆွဲ
သွားတာနဲ့ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။
"၉ လပိုင်း ၁ ရက်နေ့  စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွား အပြန်၁၅မိနစ်လောက်ပဲကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သား
အဆင့်ရှိချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်
ကို(KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံ
ပြီးတော့ တောင်းဆိုအပ်ပါတယ်"

ဒီလပထမပတ်အတွင်းကမိုးညှင်းခရိုင်မိုးညှင်းမြို့နယ် အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIAတပ်ရင်၅ က
အမျိုးသား၊အမျိုးသမီး(၅၀)ကျော်ကိုစစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသား၊အမျိုးသမီး(၅၀)ကျော်ကိုစစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်အခုရက်ပိုင်းအတွင်းမှာမိုးညှင်းမြို့ပေါ်ကလုပ်ငန်းရှင်အချို့လည်းKIAရဲ့ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။